ခြံစည်းရိုးကို မထိနဲ့
ကျွန်မငယ်စဉ်က လယ်တောအနီးအနားတွင် နေထိုင်သည့် ဘွားဘွားကြီးအိမ်သို့ မိဘ များနှင့် သွားလည်ခဲ့သည်။ အဘွား၏ခြံစည်းရိုးကို လျှပ်စစ်စည်းရိုးဖြင့် ကာရံထားသည်။ သူ့ခြံထဲ နွားများ မ၀င်အောင် ကာကွယ်ထားခြင်းဖြစ်သည်။ မိဘများအား အပြင်ထွက် ကစား၍ ရမလားဟု ခွင့်တောင်းရာ မိဘက ခွင့်ပြုပါသည်။ သို့သော် ‘‘ခြံစည်းရိုးကိုတော့ သွားမထိနဲ့၊ ဓာတ်လိုက်မယ်’’ ဟု မှာလိုက်သည်။
သို့သော် မိဘ၏ သတိပေးမှုကို လျစ်လျူရှုပြီး လျှပ်စစ်သံဆူးကြိုးခက်ကို ကိုင်မိသဖြင့် နွားတစ်ကောင် လန့်သွားရုံ ဗို့အားရှိသည့် ဓာတ်လိုက်သည့်ဒဏ်ကို ခံလိုက် ရသည်။ မိဘများက ကျွန်မကို ချစ်သောကြောင့် မထိခိုက်စေ ချင်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ကျွန်မသိလိုက် သည်။
ယေရုရှလင်မြို့ရှိ ဣသရေလလူမျိုးတို့သည် ရုပ်တုများ သွန်းလုပ်ကိုးကွယ်နေခြင်းကို ဘုရားသခင် တွေ့ သောအခါ ‘‘ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်…